RSS

နှစ်ပေါင်း၇၀ အစာမစားပဲနေနိုင်တဲ့  ဆာဒူးကြီး

06 May

အန္ဒိယနိုင်ငံ
ကာကွယ်ရေးသိပ္ပံမှ နှစ်ပေါင်း ၇ဝ ကြာ ဘာမှမစားမသောက်ဘဲ
နေခဲ့တယ်လို့ ပြောတဲ့ အသက် (၈ဝ) အရွယ် အဖိုးအိုတစ်ယောက်ကို
လေ့လာသင်ယူမှု့များ ပြုလုပ်နေကြပါတယ်။ နှစ်ပေါင်း ၇ဝ အစာမစား ရေမသောက်ခဲ့သူ
Prahlad Jani ဆိုသူ ကိုတော့ Gurjarat မှာရှိတဲ့ Ahmedabad ဆေးရုံမှာ
သီးသန့်ထားရှိပြီး အန္ဒိယ ကာကွယ်ရေး သုတေသနပြုအဖွဲ့မှ
စောင့်ကြည့်စစ်ဆေးနေပါတယ်။ ဒီလိုမျိုး အစာမစားရေမသောက်ဘဲ အသက်ရှင်နေတာ
အစစ်အမှန်ပါဆိုရင် ဘယ်သူယုံနိုင်မလဲ။ အခုဆိုရင်တော့ ဆေးရုံပေါ်မှာ စာမစား
ရေမသောက်ဘဲ စောင့်ကြည့်နေခဲ့တာ ၆ ရက်ရှိပြီလို့သိရပါတယ်။ ဆရာဝန်များကတော့ ၆
ရက်ကြာတဲ့အထိ သူရဲ့ခန္ဓာကိုယ်မှ ဆာလောင်မှုနှင့် ရေဓါတ်ခမ်းခြောက်ခြင်း စသော
ဆိုးကျိုးလက္ခဏာများပြခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
Mr Jani ကပြောရာမှာတော့ သူဟာ အသက် (၇)နှစ်အရွယ်အချိန်ကတည်းက
အိမ်ကထွက်ခွာခဲ့ပြီး ဆာဒူး သူတော်ဆင် Rajasthan
နဲ့လှည့်လည်လျှောက်သွားနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုသူတော်စင်ဟာ
အသက်ရှူရရုံဖြင့် နာမ်ဝိဥာဉ်ဖြင့် အသက်ရှင်နိုင်သူဖြစ်တယ်လို့ဆိုပါတယ်။
သူ့အနေဖြင့်လဲ သဘာလွန်စွမ်းရည် အကြောင်းအရာများကိုလေ့လာနေတဲ့ အန္ဒိယ
ဆရာဝန်များကို အကူအညီပေးခဲ့ဖူးတယ်လို့ဆိုပါတယ်။ သို့သော်လည်း တခြားသော
လူများကတော့ သူကို လူလိမ်လူညာလို့ ဆိုပြီး ရွာတွေမှ နှင်ထုတ်ခဲ့တဲ့
အဖြစ်မျိုးတွေလဲ ရှိခဲ့ဖူးတယ်လို့ဆိုပါတယ်။ အိန္ဒိယ ကာကွယ်ရေးအဖွဲ့ကတော့
Prahlad Jani မှ သူတို့ရဲ့စစ်သားများကို ရှေ့တန်းတနေရာရာမှာ
ရိက္ခာပြတ်ခဲ့ပါက အစားအစာမရှိဘဲ ရက်ပေါင်းကြာရှည်စွာ အသက်ရှင်
နေထိုင်မဲ့နည်းလမ်းများကို သင်ကြားမှု့ပြုလုပ်ပေးနိုင်လိမ့်မယ်လို့
ယုံကြည်နေကြပါတယ်။ နောက်ပြီး သဘာဝ ဘေးအန္တာရာယ်ကျရောက်ပြီး
လမ်းခရီးအခက်အခဲကြောင့် အစာရေစာတွေချက်ခြင်းမပို့နိုင်တဲ့
နေရာတွေအတွက်လည်းများစွာ အကျိုးဖြစ်ထွန်းနိုင်တယ်လို့ Dr G Ilavazhagan
ဆိုသူပြောပါတယ်။ အခုဆိုရင် Prahlad Jani ကို စေ့စေ့စပ်စပ်
စစ်ဆေးထားတာဖြစ်ပါတယ်။ သူဟာ ၆ ရက်အတွင်းမှာ အရည်ရော အဖတ်ပါ ဘာဆို ဘာမှ
မစားဘဲ နေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သိုသော်လည်းသူဟာ
အင်အားချိနဲ့တဲ့ပုံစံမျိုးမဖြစ် တဲ့အပြင့် ကြံ့ခိုင်
ကျန်းမာနေတာကိုတွေ့နေရပါတယ်။ ဆရာဝန်များဟာ Prahlad Jani ကို နောက်ထပ် ၁၅
ရက် ကြာထိ ဆက်လက် စစ်ဆေးမှာဖြစ်ပါတယ်။ ထိုအချိန် ၁၅ ရက်အတွင်းမှာတော့
ကြွက်သားများလျှော့ကျသွားခြင်း၊ ရေဓါတ်ခမ်းခြောက်သွားခြင်း၊
မောပမ်းနွမ်းနွယ်ခြင်း နှင့် ကိုယ်အလျှော့ကျသွားခြင်းတို့
ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။ အန္ဒိယမှာတော့
ဟင်န္ဒူဘာသာဝင်များဟာ အများအားဖြင့်တော့ ၆ ရက်ကြာမစားမသောက်ဘဲ ဥပုဒ်
စောင့်နိုင်ကြပါတယ်။ တခါတလေဆို (၈) ရက်အထိတောင်ကြာအောင်
ဥပုဒ်စောင့်နိုင်ကြပါတယ်။ လူအများစုဟာ မစားမသောက်ရဘဲ ရက်ပေါင်း
(၅ဝ)ထိပိုပြီးမနေနိုင်ကြပါတယ်။ သို့သော်လည်း ခြွင်းချက်အနေဖြင့်
ကမ္ဘာပေါ်မှာစံချိန်တင်ထားတာ ကတော့ ဘာမှာမစားမသောက်ဘဲ ၇၄
ရက်နေနိုင်ခဲ့သူရှိခဲ့ပါတယ်။
 
Leave a comment

Posted by on May 6, 2010 in Uncategorized

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s