RSS

ချစ်သမီးသို့

07 May

ချစ်သမီးသို့ ရွှေနားတော်ကြားအောင် အမှာစကားဆိုချင်တယ်….
ချစ်သမီး…သို့
ရွှေစကား
ရွှေနားတော်ကြားအောင်
အမှာစကား ဆိုချင်တယ်….

ချစ်သမီး…..
ချစ်မငြီးတဲ့ ဘ၀ခရီးမှာ
အမိဘာသာ မထောက်ထားဘဲ
မှောက်မှားတတ်တဲ့ ကာမသွေးကြောင့်
မှောင်မိုက်လှစွာ ဟို… ဘာသာသို့
ယောင်လည်ယောင်ချာ သွေခွာလို့များ
သင်ရောက်သွားရင်ဖြင့် ဘာသာသွေးလည်း
ပျက်သုဉ်းခဲ့ရော့မယ်…..။

ချစ်သမီး ….
အရှက်မဲ့စွာ ဥာဏ်မပါဘဲ
ဓနငွေကြေး မက်လုံးပေး၍
ကာမသွေးနှင့် ဖြားယောင်းကာနော်
ဆွဲသွင်းခေါ်လျှင် ဆွေဥာမျက်နှာ
ထောက်ထားညှာလျက် ဆင်ခြင်သတိ
ဥာဏ်နှင့်ညှိပြီး ဘာသာတရားအပေါ်
သစ္စာထားပါ သင်နားမယောင်နဲ့…။

ချစ်သမီး….
ဗုဒ္ဓဘာသာ အာဇာနည်းသွေး
သည်အေ၇းကို အလေးမူလျက်
စိတ်ထားဖြူဖွေး မြန်မာသွေးမို့
အမျိုးဘာသာ မကွယ်သာအောင်
တို့ဧ။်မျိုးနွယ် တို့ကိုးကွယ်သည့်
ဘာသာဝါဒ သင်အားကျလော့
အမျိုးပျောက်မှာ စိုးကြောက်စရာမို့
နယ်ခြားဘာသာ အားမကျပါနဲ့

ချစ်သမီး….
မိန်းမဖျက်တော့ ပြည်ပါပျက်သည်
ဆိုရိုးစကား ရှိသည်များမို့
သတိကိုယှဉ် ဥာဏ်အမြင်နှင့်
တို့ဧ။်မြန်မာ ရွှေပြည်ရွာကို
ကမ္ဘာမြေမှ မကွယ်ရအောင်
ဘာသာခြားနှင် သွေးသားမစပ်
သစ္စာမဖောက် သင်စောင့်ရှောက်လော့….။

ချစ်သမီး….
မြန်မာမများ လူမျိုးလည်းခြား
ဘာသာခြားနှင့် ညားကြသောခါ
ကိုယ့် ဆွေဥာကို မျက်နှာမထောက်
အကျင့်ဖောက်ပြီး ချင့်ထောက်မညှာ
မဲ့…သစ္စာကြောင့်
ဆင်းသက်အပါယ် ဒုက္ခကြွယ်လိမ့်။

ချစ်သမီး…
ယခုအခါ တို့မြန်မာတွေ
သာသာလည်းခြား လူမျိုးခြားနှင့်
ယွင်းယွင်းမှားမှား ထိမ်းမြားလက်ထပ်
သွေးသားစပ်တော့ မဟာမျိုးနွယ်
သာကီနွယ်ဖွား ဆွေမျိုးများမှာ
သာသာလမ်းကြောင်း တိမ်စောင်းမှောက်ကာ
ရောက်ကြတာမို့ နောင်သောအခါ
ဤကမ္ဘာမှာ မြန်မာဆိုတာ
ဖွေရှာမလွယ် ပျောက်ကွယ်သွားမည်
စိုးမိသည်ကြောင့်…..။

ချစ်သမီးရေ….
ခလုတ်ထိမှ မိမတရအောင်
ဘာသာလည်းခြား လူမျိုးခြားနှင့်
ထိမ်းမြားအိမ်ထောင်
ဝေးဝေးရှောင်လော့….
အမှောင်လောက သင်အားမကျနှင့်….

ချစ်သမီး….
အကယ်၍သာ…
ဘာသာမတူ ကြင်သူဖြစ်က
ဟိုးရှေးအခါ ၀ိသာခါသို့
မျှော်ကာတမ်းတ မှန်ဆထင်ယောင်
အမှောင်ဝါဒ မိဂါရကို
ဝါဒဖြူစင် သူတော်စင်တွေ့
သွေးဆောင်၍သာ ကိုယ့်ဘာသာသို့
ပို့ဆောင်သည်များ သင်အားကျပါ
သင်နားချပါ လိမ္မာပါးနပ်တတ်ပါစေ….

ချစ်သမီး…
ချစ်ခြင်းမေတ္တာ အကြင်နာမဲ့
အရွဲစကား နားခါးမဲ့မဲ့
ထင်ပါနဲ့လေ ထင်နဲ့လေနော်
တို့ဆွေကြင်ရာ တို့မြန်မာတွေ
တို့ရွှေမြေ၀ယ် ပျောက်ကွယ်သွားမှာ
စိုးမိတာကြောင့် ပြောရပါတယ်
ခွန်းရွှေစကား သမီးကြားက
ကိုယ့်မိဘာသာ ကိုယ့်ဆွေဥာကို

သစ္စာထားကာ စောင့်ရှောက်ပါလော့….။

တိုင်းပြည်ဧ။်ရတနာလေးတွေသာဖြစ်စေချင်သည်။
ဖြစ်ပျက်အမှန်ကို မြင်ရကြားရ၍
မျိုးချစ်စိတ်ဓာတ် ခေါင်းလောင်းထိုးကာ
မျိုးချစ်စိတ်၊ဘာသာချစ်စိတ်
အိပ်ပျော်နေသူအားနှိုးထသတိပေးလိုက်၇ပါသည်။
လူမျိုးဘာသာ-သာသနာ မကွယ်ပျောက်အောင်
ရေးဖွဲပါသည်

သုနြေ္ဒ(ကမ္ဘောဇ)

 
Leave a comment

Posted by on May 7, 2010 in Uncategorized

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s