RSS

မိုးမြင့်သဇင်

07 May

နွေဦးတွေ မြူထူးပျော်ပါး
ရွှက်နုတွေတနစ်တပိုး လှပနေချိန်မှာ
နင်နဲ့ငါ ပြန်တွေခဲ့တယ်….။

ဝေးကွာခဲ့တဲ့အတိတ်ကို
နှလုံးသာနဲ့ပြန်ပြောင်းပြောကြကျေးဆိုရင်
နုတ်ခမ်းဖျားကတော့
သတိရပေးပါ…။

နင်က…
မိုးမြင့်ကတော်ဝင်သဇင်..
ငါက မြေပေါ်က
အညတရပန်း….
ပန်တော့ပန်းပါဘဲ
ဒါပေ့မဲ့……
ငါလိုပန်းဘ၀က
နင့် သိက္ခာ ဂုဏ်ဒြပ်တွေနဲ့
မနှိုင်းယှဉ်ဝံ့ခဲ့သူ….။

သဇင်လိုဂုဏ်မတင်
နှင်းဆီလိုမ၀ံ့ကြွား
ပန်းပိတောက်လို မတောက်ပပေမဲ့
အညတရဆိုတဲ့ခရေပန်း
နွမ်းခြောက်ပေမဲ့..မွှေးနေဆဲပါ…။

နင်ရယ်….

ခရေနဲ့ သဇင်
ကူးလူးယှက်တင်ပေါင်းစပ်မဲ့ပွဲမှာ
ဂုဏ်တွေ၊
ဓနတွေ၊
သက္ခာတွေက ကွင်းလည်ဒိုင်အဖြစ်အမှတ်ပေးခဲ့ကြ….။

နင်ကသဇင်ပန်း
ဂုဏ်ရှိသူတို့ရဲ့ အရှင်သခင်ပေါ့..
ငါကခရေပန်း
အမြင်ပလှပေမဲ့ နွမ်းပါသူတို့ရဲ့ဘုရင်ပါ….။

ခရေက သဇင်ကိုချစ်ခဲ့တယ်
သဇင်လိုဂုဏ်ကြီးရှင်က
ခရေလို အညတရပန်းကို
အရေအရာမယူခဲ့ရင်တောင်
လေအသင့်မှာ
ခရေနဲ့သဇင်
ရနံချင်တော့ ပေါင်းစပ်ချင်မိတယ်…….။ ။
Post by အလင်းရောင်

 
Leave a comment

Posted by on May 7, 2010 in Uncategorized

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s