RSS

မောင့်အပြုံးအောက်တွင်.

07 May

သနပ်ခါးသေသေချာချာလိမ်းထားလားလိုကိုယ့်ဘာသာကိုယ်ပြန်ကြည့်တဲ့အခါ
ပါးကွံက်က တစ်ဘက်ကြီးတစ်ဘက်သေး ။မတက်နိုင်ဘူး ။ကိုယ့်ကိုယ်ကိုယ်
အစဉ်ပြေပြီလို့ သေချာမသိခင်မှာ မိဘတွေ စိတ်ပြောင်းသွားမှာစိုးရသေးတယ်။ကျွန်မဒီနေ့
မောင်နဲ့ ချိန်းထားတယ်လေ။ ဒါကြောင့် ဖွင့်ထားတဲ့
ဆူဆီရဲ့ နင်ဘယ်မှ မချစ်ရဘူးကို သံယောဇဉ်ဖြတ်ကာ အိမ်အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ ကျွန်မအပေါ်ထပ်က ဆင်းလာတော့ မေမေဘဲ ဧည့်ခန်းထဲမှာထိုင်နေပါတယ်။ဒါဆိုဖေဖေအိပ်ယာမထသေးဘူးပေါ့ ။ မေမေ့ကိုခွင့်တောင်းတဲ့ အကြည့်ကို ကြည့်မိပါတယ်။ မေမေက
စောစောပြန်လာခဲ့တဲ့ ။ အော် …ကျွန်မအိမ်ပြင်ထွက်ဖိုကိုတော်တော်ကြိုးစားယူရပါလားလို့ စိတ်ထဲကအားငယ်မိပါတယ်. အဲ့လိုအားငယ်တာလဲ ခဏပါဘဲ။ မတွေ့ရတာ ကြာ့ပီဖြစ်တဲ့
မောင့်အပြုံးကို စိတ်နဲ့မှန်းကြည့်ကာ အားတက်မိပါတယ်။
ကားစီးပြီးနာရီကြည့်ပြန်တော့ ကျွန်မတော်တော် စောနေမှန်းသိလိုက်ရပါတယ်။. ကြိုရောက်နှင့်မှာပေါ့လေ။ကြိုရောက်မှာကလဲ တစ်နာရီဆိုတော့ ဘယ်မှာအချိန်ဖြုန်းရင်ကောင်းမလဲလို့ ခေါင်းထဲမှာ စီကာစဉ်ကာဝင်လာပါတယ်. ချိန်းတဲ့ကားဂိတ်နဲ့အနီးဆုံး လက်ဘက်ရည်ဆိုင် ကျွန်မအချိန်ဖြုန်းမယ့်ပွိုင့်လေးပေါ့။ ကျွန်မကားပေါ်မှာနေရာရတော့ ဘေးနားမှာထိုင်တဲ့ အမကြီးကိုစိတ်ကူးထဲကနေ မောင်ပေးဖြစ်မိတာ အခါခါ. ပြန်စဉ်းစားမိပြီးကိုယ့်ကိုယ်ကိုယ်တောင်ရှက်တယ်။
ချိန်းတဲ့နေရာကိြုေ့ခချတော့ ကျွန်မ၀ီရိယပိုကာ တကယ်ကိုပင်တစ်နာရီ တိတိစောနေခဲ့ပါတယ်။ လက်ဘက်ရည် ဆိုင်ထိုင်ရင်း ကျွန်မလက်ဘက်ရည်ကို
အချိန်ခပ်ကြာကြာ ဆွဲသောက်မိပါတယ်။ ရင်တွေလဲခုန်လို့
ကျွန်မမောင့်ကိုအရမ်းလွမ်းနေခဲ့တာလေ။့ကျွန်မထိုင်နေတုန်းမှာဘဲကျွန်မရဲ့ဘေးကစားပွဲကိုအတွဲတစ်တွဲလာထိုင်
ပါတယ်။ လက်ဘက်ရည် အသီးသီးမှာတော့ ကောင်မလေးရဲ့
လက်ဘက်ရည်ခွက်ကိုကောင်လေးက ဖျော်ပေးသလို ကောင်မလေးကလဲ ပြန်ဖျော်ပေးပါတယ်။
သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေက ကျွန်မ ရင်ကိုတိုက်ရိုက်မှန်ပါတယ်။
နောက်မိနစ်အနည်းငယ်ဆို ကျွန်မသူတို့ထက်တောင် ပိုကြည်နှုးမိလိမ့်မယ်ထင်တယ်။
ချိန်းတဲ့နာရီထက် (၁၅)မိနစ်အလိုမှာ လက်ဘက်ရည်ဆိုင်က ထွက်လာခဲ့ပါတယ်။
ပြီးတော့ကားဂိတ်မှာ ကားစောင့်နေတဲ့ သူတွေနဲ့အတူတူ ရပ်စောင့်လို့ ။
ရပ်စောင့်နေတဲ့ခရီးသည်တွေကတော့ သူတို့သွားလိုရာကိုရောက်မယ့်
လိုင်းကားတွေကို စောင့်သလို ကျွန်မကလဲ ကျွန်မချစ်တဲ့ မောင့ိကို
ရင်ခုန်စွာ၊ ငြိမ်သက်စွာ၊ မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်နေခဲ့ပါတယ်။
နာရီကြည့်တော့ (၅)မိနစ်ဘဲလိုပါတော့တယ်။
ကျွန်မကိုကားဂိတ်မှာဈေးရောင်နေတဲ့ ဈေးသည်တွေ သတိထားမိလာပြီထင်တယ်။ ကျွန်မဘယ်ကားကိုမှမကြည့် ။ကျွန်မကြည့်တာ
မောင်လို့ထင်လိုက်မိတဲ့ အမျိုးသားများ။ ကျွန်မရဲ့မောင်က ပုဆိုးကို
မတိုမရှည် အနေတော်လောက်ဝတ်ကာ ရှပ်အကျီ လက်တိုကို ကြည့်ကောင်းသပ်ရပ်အောင်
ဝတ်ဆင်တက်ပါတယ်။ နောက်ကျွန်မရဲ့မောင်က မျက်မှန်တပ်ရပါသေးတယ်။ အဲ့တော့
ကျွန်မမျက်လုံးထဲမှာ မျက်မှန်တပ်တဲ့သူတွေ မောင်နဲ့ပုံစံတူတဲ့
သူတွေကိုတွေ့လိုက်ရင် ရင်ထဲ ဒိန်းကနဲဖြစ်ကာလိုက်ကြည့်မိပါတယ်။ ကြည့်ပါသော်လည်း မောင်ပေါ်မလာခဲ့။ ဒီနေ့မောင့်မွေးနေ့ မောင်နဲ့ဘုရားသွားမှာလေ။
ကျွန်မရပ်စောင့်နေခြင်းကနေ ကားဂိတ်ထိုင်ခုံမှာ ထိုင်စောင့်ခြင်းသို့ ကျွန်မခြေထောက်များရဲ့ အလိုကျ လိုက်ရောရပါတယ်။
ချိန်းထားတဲ့နာရီထက် နာရီဝက်တောင်ကျော်သွားမှကိုး။
ကျွန်မကြည့်တဲ့အမျိုးသားတွေကလဲ ဘယ်သူမှမောင်ဖြစ်မလာပါဘူး ။ စိတ်ထဲမှာ
ဝမ်းနည်းခြင်းတွေပြည့်သိပ်လို့ ဒါပေမယ့် ကျွန်မရဲ့ဆုံးဖြတ်ချက်က
မောင်နဲ့တွေ့ရမယ်။ မောင့်ကိုမတွေ့ဘဲနဲ့တော့ အိမ်မပြန်ဘူးလို့။
ကျွန်မလောက်စောင်တဲံ့အလုပ်ကိုစိတ်မရှည်တဲ့သူက ဒီနေ့တော်တော်စိတ်ရှည်နေပါလားလို့ ကိုယ့်ဘာသာကိုယ့် အံ့သြမိတယ်။ ဒါဆိုလေ ကျွန်မမောင့ိကိုတော်တော်ချစ်တာပေါ့။ခုချိန်ထိ မောင်နောက်ကျတာ ချိန်းတာမလာတာကို အပြစ်မတင်မိဘူး။ ဘာကြောင့်လဲဆိုတာ ကျွန်မကိုယ်ကျွန်မမသိဘူး ။ ဒီအချိန်မှာကျွန်မသိတာ
မောင်နဲ့တွေ့ချင်တာတစ်ခုတည်း။းဒီလိုနဲ့ မောင်နဲ့ခပ်ဆင်ဆင်တူတဲ့
လူတွေကိုလိုက်ငေးရင်းမောင်ရောက်လာပါစေလို့ ဆုတောင်းမိတယ်။ ကျွန်မထိုင်စောင့်တဲ့ နေရာက နေပူလာပြီဖြစ်ပါတယ်။ နေလဲမြင့် လာပြီပေါ့။
ကျွန်မတို့ချိန်းတဲ့ အချိန်ထက် တစ်နာရီခွဲကျော်ကြာခဲ့ပြီလေ။
မောင်လဲခုထိမလာပါဘူး။ ကားဂိတ်မှားစောင့်နေလားလို့ကားလမ်းကိုကူးကာကြည့်တောလဲ ထူးမခြားနားပင်။ ကျွန်မမောင့ိကို အွန်လိုင်းပေါ်မှာတက်ရှာမှ
အဆင်ပြေတော့မယ်လို့ စဉ်းစားမိတဲ့အခါ ကျွန်မဦးတည်လိုက်တာက
မောင်ကျွန်မကိုထိုင်နေကြလို့ပြောတဲ့ အင်တာနက်ကဖေးကို။
ကျွန်မဆိုင်ထဲရောက်တော့ မောင်ရှိမလားလို့ကြည့်မိတယ်။ တကယ်ကိုဘဲ မရှိပါဘူး။ ကျွန်မအကောင့်ဖွင့်ပြီးရှာတော့လဲ မောင့်ကိုမတွေ့ပါဘူး ဒီနေ့အဖို့ ကျွန်မကြိုးစားထားတာသမျှ တပ်ခေါက်ကာ နောက်ဆုတ်ရတော့မလားလို့ စဉ်းစားရင်းအရမ်းဝမ်းနည်း လာပါတယ်။ မနက်က
တွေ့ဖို့ချိန်းတာ နေ့ခင်းဘက်ထမင်းစားချိန်တောင်ရောက်လာခဲ့ပြီဘဲ။ ကျွန်မမောင့်ကိုမေးတစ်စောင်ရေးဖို့ စဉ်းစားရင်း ဆိုင်ကကောင်လေးကို မောင်ရောက်လာသေးလားလို့မေးကြည့်မိတယ်။ မလာသေးဘူးလို့ဖြေသံကို စိတ်ညစ်ငြူးစွာလက်ခံ ရပြန်တယ်။ ကျွန်မမောင့်ဆီမေးပို့ပြီးတဲ့အချိန်မှာ ဆိုင်တံခါးဖွင့်သံလေးကြားရပါတယ် ။ကျွန်မနောက်ကိုလှည့်မကြည့်ပါဘူး။ တံခါးဖွင့်ပြီး ၀င်လာတဲ့ခြေသံက ကျွန်မထိုင်တဲ့ထိုင်ခုံဆီသို့။
ကျွန်မရင်ခုန်သံတွေကျယ်လာပါတယ်။ ကျွန်မနောက်ကျောမှာ ခြေသံလေးရပ်သွားတယ်။
သေချာပြီ .ကျွန်မချစ်သူ။ ကျွန်မလှည့်ပြီးမော့ကြည့်လိုက်တော့ ချွေးပြန်နေတဲ့ မျက်နှာနဲ့ မောင့်မျက်မှန်အောက်က မောင့်ရဲ့ အပြုံး ။။ကျွန်မလေ မောင့်ကိုအရမ်းချစ်တာဘဲ မောင်ရယ်။ ။
…………………………………………………….
ပြုံးပျော်နိုင်ပါစေ

post by ရွှေရုပ်

 
Leave a comment

Posted by on May 7, 2010 in Uncategorized

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s