RSS

ထူးဆန်းသော ကျောက်တုံးကြီးများ

20 May

လှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်တုံးကြီးတွေကို ကမ္ဘာအရပ်ရပ်နေရာအနှံ့အပြားမှာ
တွေ့ရှိခဲ့ရပါတယ် ။ ပိရမစ် တွေကဲ့သို့ပဲ အဲဒီကျောက်တုံးကြီးတွေရဲ့
ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်း ဇစ်မြစ်တွေကို ဘယ်သူမှ မသိပဲ
ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတုန်းပဲ ရှိပါတယ် ။ Costa rica ဟာ
ထူးဆန်းဆန်းကျယ်တဲ့ လုံးဝန်း ၀ိုင်းစက် နေတဲ့ ကျောက်တုံးတွေအများကြီး
တွေ့ရှိရာ နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ် ။

ကျောက်တုံးတွေကို ပထမဆုံး
၁၉၃၀ မှာ ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ဘူမိဗေဒ အပြည်ပြည်ဆိုင်ရာ
ပညာရှင်တွေကြားမှာ အဲဒီတွေ့ရှိမှုဟာ ဆန်းပြားတဲ့ ပဟေဋ္ဌိ သဖွယ် ဖြစ်နေပြီး
အဲဒီကျောက်တုံးတွေက ဘယ် နေရာက လာသလဲ သူတို့ကို ဘယ်လိုအသုံးချရသလဲဆိုတာ
အတိအကျ မသိကြသေးပါဘူး ။ အချို့သော သိပ္ပံ ပညာရှင်တွေကတော့ လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက ဒီကျောက်တုံးတွေတည်ရှိနေခဲ့ပြီး ဒီအရာ တွေဟာ
အလွန်ရှေးကျတဲ့ ယဉ်ကျေးမှု ဆိုင်ရာ ပြယုဉ်တစ်ခုဖြစ်နိုင်တယ်လို့ဆိုပါတယ် ။
အချိုကတော့ ဒီကျောက်တုံး တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀၀
လောက်တိုင်အောင် သက်တမ်းရှိတယ်လို့ဆိုပါတယ် ။

ဒေသခံတွေကတော့
အဲဒီကျောက်တုံးကြီးတွေကို Las Bolas လို့ခေါ်ပြီး အဲဒီအရာတွေကို Costa Rica
အနီးတ၀ိုက်မှာ များပြာစွာ တွေ့ရပါတယ် ။ အခြား Latin American
နိုင်ငံတွေမှာလည်းတွေ့နိုင်ပြီး ခန့်မှန်းပြောရမယ်ဆိုရင်တော့
ဒီကျောက်တုံးတွေဟာ ပိရမစ်တွေကဲ့သို့ သဘောသဘာဝအလွန်နီးစပ်တယ်လို့ သိရပါတယ် ။

 

Tags:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s