RSS

ရေထဲက ရေတွင်းနက်ကြီး

20 May

ထူးဆန်းအံ့သြဖွယ်ရာရေပြင်ပေါ်မှအပေါက်ကြီးများ


အမှတ်တမံ ကြည့်မိမယ်ဆိုရင်တော့ ခေါင်းလောင်တစ်ခုရဲ့ နှုတ်ခမ်းဝနဲ့ ဆင်တူလှပါတယ် ။ အသေအ ချာလေ့ လာကြည့်မယ်ဆိုရင်တော့ ရေထဲက ကြီးမားတဲ့အပေါက်ကြီးတွေဟာ ဆည်
(သို့မဟုတ်) ကန်ထဲက ရေစီး ဆင်းမှုကို ထိန်းချုပ်ဖို့နဲ့ အောက်ဖက်ဧရိယာမှာ
ရှိတဲ့ ရေစီးကြောင်းတစ်ခုနဲ့ ဆက်သွယ်ဖို့အတွက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ။
ဒီရေလွှဲတဲ့အပေါက်ကြီးတွေ (သို့မဟုတ် ) တွင်းနက်ကြီးတွေဟာ ရေကန်ကို
ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ပြီး ရေကန် သို့မဟုတ် ဆည်တွေ
ပျက်ဆီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ် ။



ရေလွှဲလမ်းကြောင်းဆိုတာ ကန်တစ်ခုကနေ ရေစီးကြောင်းထွက်ပေါ်မှုကို ထိန်းချုပ်ဖို့ နဲ့ ရေအောက်ဧရိယာကို
ရေလွှဲ ပေးဖို့ အထူးသဖြင့် မြစ်တစ်ခုကို တားဆီးပြီး
ဆည်အဖြစ်ပြုလုပ်တဲ့အခါမှာ အလွန်ကို အသုံးဝင်ပါတယ် ။ ရေလွှဲအပေါက်ကြီးတွေဟာ
ရေလျှံမှုမဖြစ်အောင်ကာကွယ်ပေးပြီး ရေတက်တဲ့အချိန် ရေလျှံတဲ့အ ချိန်တွေမှာ
တောင်မှေ၇တွေဟာ ပုံမှန်အတိုင်း ဒီရေလွှဲလမ်းကြောင်းထဲကို စီးဝင်နိုင်ပါတယ်



အချို့အပေါက်ကြီးတွေဟာ ခေါင်းလောင်းကို ပြောင်းပြန်လှန်သကဲ့သို့ တည်ဆောက်ထားတာဖြစ်ပြီး အရပ်
မျက်နှာ အကုန်လုံးက ရေတွေဟာ ညီတူညီမျှ စီးဝင်နိုင်ပါတယ် ။ အချို့
အလွန်အေးတဲ့ဒေသတွေမှာဆို ဒီ အ ပေါက် ကြီးတွေကို ရေမခဲသွားစေဖို့
ရေခဲခြင်းကို ကာကွယ်နိုင်တဲ့ အရာ (Ice – Breaking arrangements) တွေ နဲ့
ပြုလုပ်ထားရပါတယ် ။ ဒီအပေါက်ကြီးကို ရေတွေခဲပြီး ပိတ်ဆို့သွားခြင်းမှ
ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ် ။



England နိုင်ငံ Derbyshire မှ အပေါ်ဖက် Derwent တောင်ကြားမှ ရေလှောင်တမံမှ
ပုံများဖြစ်ပါတယ် ။ ဒီရေ လှောင်တမံဟာ ၀ိုင် (Y) ပုံသဏ္ဍာန်ရှိပြီး Ashop
မြစ်ဟာ ဒီရေလှောင်တမံထဲကို အနောက်ဖက်မှ စီးဝင်ပါတယ် ။ Derwent မြစ်က
တောင်ဖက်မှစီးဝင်ပြီး Howden ရေလှောင်တမံကို ဖြတ်သန်းပြီးလာခြင်းဖြစ်ပါတယ်
။ ပြီးမှ Derwent ရေလှောင်တမံကို ဖြတ်ပြီး နောက်ဆုံး Ladybower
ရေလှောင်တမံထဲကို စီးဝင်ပါတယ် ။ အရှည် ကတော့ ၃ မိုင်ရှိပြီး
အဲဒီရေလှောင်တမံတည်ဆောက်တဲ့အချိန်က ၁၉၄၃ ခုနှစ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ
အကြီး ဆုံးရေလှောင်တမံဖြစ်ခဲ့ပါတယ် ။



Monticello ဆည်ကတော့ ကန်တစ်ခုဖြစ်ပြီး California နိုင်ငံ Napa မြို့မှာတည်ရှိပါတယ် ။
၁၉၅၃ နဲ့ ၁၉၅၇ ကြားမှာတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။ အမြင့်ပေ ၂၀၄ ပေ၇ှိပြီး
အရှည်ကတော့ ၁၀၂၃ ပေရှိပါတယ် ။ ကယ်လီဖိုးနီးယားမှာရှိတဲ့
ဒုတိယအကြီးဆုံးကန်ကြီးလည်း ဖြစ်ပါတယ် ။











သက်တန့်ချိုစီမှကူယူဖော်ပြသည်…

 
Leave a comment

Posted by on May 20, 2010 in Uncategorized

 

Tags:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s