RSS

Online Radio များနားဆင်ရန်

20 May

Online Radio များစုစည်းမှု

ရေဒီယို နားဆင်နိုင်ရန်အတွက်ကို စုဆည်းပေးခဲ့တဲ့

သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်..
လက်ရှိ
နားထောင်လို့ရတဲ့ အွန်လိုင်း ရေဒီယို ၉ ခုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်..

၁။ ဗုဒ္ဓ FM Radio
၂။Just Music Radio(JMR)
၃။ အိမ်မက်လှိုင်း Radio(EML)
၎။ အဖြူရောင် သံစဉ် Radio(APYTZ)
၅။Myanmar Youth Media Club Radio(MYMC)

၆။ Yet Another Myanmar Community Radio(YAMC)
၇။ 95.1 Street FM Radio
၈။ သံစဉ်လှိုင်း Radio
၉။ Australia Myanmar Youth Community

သက်ဆိုင်ရာ ရေဒီယို ဆိုက်များရဲ့
အွန်လိုင်း ရေဒီယို လင့်ကို ယူသုံးထားတာဖြစ်တဲ့ အတွက် သက်ဆိုင်ရာ
ဆိုက်ပိုင်ရှင်များကိုတော့ ဒီကနေပဲ ခွင့်တောင်းလိုက်ပါတယ်..
ဆိုက်ပိုင်ရှင်များအနေနဲ့တော့ နားထောင်သူ ဦးရေ တိုးလာမှာ ဖြစ်တဲ့အတွက်
ကျေနပ်ကြလိမ့်မယ်လို့တော့ ယူဆမိပါတယ်.. မကျေနပ်တာရှိရင်တော့ ကျနော့ကို
တိုက်ရိုက် မေးလ်ပို့ပြီး ပြောပါ. ကျနော် ချက်ချင် ပြန်ဖြုတ်ပေးပါ့မယ်..

အသုံပြုပုံကို
အောက်မှာ ပုံလေးများနဲ့ ပြထားပါတယ်..

အသုံးပြုရလွယ်အောင် မြန်မာဘာသာနဲ့ ရေးထားပါတယ်.. ဇော်ဂျီဝမ်း ရှိမှ မြန်မာစာလုံးတွေ မြင်ရမှာဖြစ်တဲ့အပြင် Message Box တွေမှာပါမြန်မာလို မြင်နိုင်အောင်

Desktop >> Right Click >> Properties>> Appearance Tab
>> click the Advanced button
အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,
Inactive Title Bar,
Menu ,
Message Box ,
Palette Title ,
Selected Items ,
ToolTip
စတာတွေကို အကုန် ဇော်ဂျီဝမ်း ပြောင်းပေးထားဖို့တော့လိုပါမယ်..

နောက်ပြီး .Net Framework 2.0 ရှိမှ ဖွင့်လို့ရမှာ ဖြစ်ပါတယ်.. ဒါကြောင့်

.Net Framework 2.0 မတင်ထားတဲ့ စက်တွေ အတွက် ဒေါင်းလုဒ်လုပ်လို့ရအောင် လင့်ကို ဖော်ပြပေးလိုက်ပါတယ်..

ဒါက
တိုက်ရိုက်ဒေါင်းလုဒ်လင့်

ဒါက
official site

အားလုံးအတွက် အသုံးဝင်မယ်လို့ တော့ ထင်ပါတယ်..

လိုအပ်တာတွေ ရှိရင် ဝေဖန်ပေးကြပါ..

ကျနော်လည်း ဝေလင်းစိုး(MMITDEV Creator ကြီးဖြစ်သော Problemclean ကိုပြောတာပါ ) ပြောထားတဲ့ မြန်မာအိုင်တီအတွက် Chat Software လေး လုပ်နေတာ မပြီးသေးခင်မှာပဲ စိတ်က ဒီပိုစ့်က

ဟာလေးကို အာရုံပြောင်းသွားတယ်.. အဲဒိ FriendBook သို့မဟုတ် ကိုခန့်သူမျိုးအေး
အကြံပေးတဲ့ AddressBook ကို လုပ်နေတာက နေ အာရုံက ဘယ်လိုလုပ်ထပ်ပြောင်းပြီး
ဒီဟာလေး လုပ်ဖြစ်သွားလဲ မသိပါဘူး .. စိတ်က ဂဏာ မငြိမ်တာ ပြောပါတယ်😀 အဲဒိ
AddressBook ကိုတော့ Dr.Ox
က အကို ကျနော်လည်း ရေးကြည့်မယ်ဆိုပြီး ရေးနေလေရဲ့ သူပြီးရင်တော့ အရင်
တင်ပေးပါလိမ့်မယ်.. ကျနော်ကတော့ ဖြည်းဖြည်းချင်းပဲ😀

အထူးပြောလိုတာကတော့ ရေဒီယို ဆိုက် တွေကို ဆိုက်တစ်ခုချင်းမှာ အကောင့်လုပ်ပြီး ရေဒီယိုလင့်ကို ယူသုံးဖို့ လိုက် ခွင့်မတောင်းလိုက်ရတဲ့ အတွက် ဒီပိုစ့်မှာပဲ
ဆိုက်ပိုင်ရှင်တွေကို တခါတည်း ခွင့်တောင်းလိုက်ရတာကို
ခွင့်လွှတ်ပေးကြဖို့ပါပဲ.. အသုံးပြုခွင့်မပေးဘူးဆိုရင် ချက်ချင်း
ပြန်ဖြုတ်ပေးပါ့မယ်.. ရေဒီယို ဆိုက်တွေမှာ အသင်းဝင်ပြီးသား လူတွေ
ရှိခဲ့ရင်လည်း ကျနော့ကိုယ်စား ဒီပို့စ်ကို ပေးဖတ်ပြီး
ခွင့်တောင်းပေးကြပါလို့ တောင်းဆိုပါရစေ..

အသုံးပြုသူတွေ အတွက်ကတော့ ဒီ application လေးကို အောက်ချထားပြီး ကြိုက်တာ ရွေးနားထောင်လို့ရတဲ့အပြင် Browser မှာ Tab တစ်ခုဖွင့်ရ သက်သာတာပေါ့… နားထောင်ချင်တဲ့ ဆိုက်ကို သွားပြီး
နားထောင်နေစရာမလိုတော့ဘူး.. သွားချင်ရင်လည်း ဒီ application မှာ ပါတဲ့
လင့်ကနေ တဆင့် သွားလည်း ရတယ်.. အဆင်ပြေတာပေါ့.. ဒီဇိုင်းကိုတော့ အစက တာယာပွကြီးကို
အကူအညီတောင်းပြီး လုပ်မလို့ပဲ ဒါပေမယ့် ထည့်မနေတော့ပါဘူးလေ ဆိုပြီး windows
media player ရဲ့ ဒီဇိုင်းကိုပဲ ယူသုံးလိုက်တာ.. နောက်ပြီး Player ကလည်း
windows media player ရဲ့ dll (Dynamic Link Library) file တွေဖြစ်တဲ့
Interop.WMPLib.dll နဲ့ AxInterop.WMPLib.dll တွေ ကို ယူသုံးထားပါတယ်..
application ရဲ့ Source code တွေကိုတော့

C# Programmers Group မှာ ကျနော် အားတာနဲ့ တင်ပေးထားပါ့မယ်.. နားလည်တဲ့လူတွေ ပြင်ပြီး ဒီဇိုင်းအဆန်းလေးတွေ ပြန်လုပ်ချင်လည်း လုပ်လို့ရတာပေါ့.. ဒါပေမယ့်
ကျနော့နာမည် နဲ့ မြန်မာအိုင်တီလောကဖွံ့ဖြိုးရေး ဆိုက်ကို တော့ Credit
အနေနဲ့ ပြန်ထည့်ပေးပါ.. (GNU
လိုင်စင်
သဘောတရားပါပဲ)

ကဲဒီလောက်ပါပဲ.. ရေးချင်တာတွေကတော့ အများကြီးပဲ .. ဘာတွေဆက်ရေးရမှန်း မသိတော့လို့ .. နောက်ပြီး ပိုစ့်က လည်းရှည်နေပြီ.. ဖတ်ရတဲ့လူ ပျင်းနေမှာစိုးလို့ ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်
😀 ကျနော်လည်း မိုးလင်းနေပြီဖြစ်တဲ့အတွက် အိပ်ပါပြီ😀

အားလုံး ပျော်ရွှင်ကြပါစေဗျား..

အောက်မှာ RadioPlayer(MMITDEV).rar ဆိုတာ ကို ဒေါင်းလုဒ်ရယူပါ.. အင်စတော လုပ်စရာမလိုပါဘူး.. အပေါ်က ပုံမှာ ပြထားသလိုပါပဲ.. နီးစပ်ရာ သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါ..
သူတို့လည်း အပျင်းပြေ နားထောင်ချင်တာ နားထောင်လို့ရတာပေါ့..း)
နားထောင်သူတွေ အရမ်းများလာလို့ ရေဒီယို ဆာဗာတွေ ဒေါင်းသွားမယ်လို့တော့
မယူဆမိပါဘူး ဟီးဟီး😛

ကျနော့ရဲ့ ဖန်တီးမှု အသေးစားလေးတွေကို တစ်စုတစ်စည်းတည်း ဖတ်ချင်ရင်တော့

http://douknowwhoim.blogspot.com မှာ သွားဖတ်နိုင်ပါတယ်… စုစည်းထားရုံသတ်သတ်သာဖြစ်ပါတယ်..

ကျေးဇူးတင်ပါတယ်..

ဒီမှာ ဒေါင်းလုဒ်ယူပါ ခင်များ

Who Am I?

(Myanmar IT Development)

မူရင်းလင့်

Fwd mail မှရရိပြီးပြန်လည်ချပြတာပါ..

 

Tags:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s