RSS

ပလက်စတစ်ဆာဂျရီအတွက် ဒေါ်လာ နှစ်သိန်းအကုန်အကျခံမည့် Madonna

01 Jun

ပလက်စတစ်ဆာဂျရီအတွက် ဒေါ်လာ

နှစ်သိန်းအကုန်အကျခံမည့် Madonna

madonnaသတင်းတွေအရ Madonna ဟာ သူမရဲ့  (၅၂) နှစ်ပြည့်မွေးနေ့အတွက် ဒေါ်လာ ၂ သိန်းအကုန်ခံပြီး ခွဲစိတ်ပြုပြင်မှုတွေလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။အချိန်အနည်းငယ်အတွင်းမှာ သူမရဲ့ မျက်နှာနဲ့ ကိုယ်လုံးကိုယ်ပေါက်ကို အတတ်နိင်ဆုံး ဆွဲဆောင်မှုရှိစေဖို့ သူမက စိတ်အားထက်သန်နေပါတယ်။

၂၀၀၈ ခုနှစ် Guy Ritchie နဲ့ ကွာရှင်းပြတ်စဲပြီးကတည်းက သူမရဲ့ ဇရာ ကို သတိပြုမိလာခဲ့တယ် လို့ နီးစပ်သူတဦးက အင်္ဂလန်နိုင်ငံထုတ် Daily Star သတင်းစာကို ပြောပြသွားပါတယ်။

သူမ ဟာ ဘ၀တလျှောက်လုံး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရမယ်လို့ ထင်ထားခဲ့ပေမယ့်လည်း သူမထင်သလို ဖြစ်မလာခဲ့ပါဘူး။ လောလောဆယ်မှာ သူမထက် အသက်အများကြီးငယ်တဲ့ မော်ဒယ်လ် Jesus Luz နဲ့ စုံတွဲခုတ်နေတဲ့အတွက် Madonna ဟာ သူမကိုယ်သူမ အလှဆုံးဖြစ်ချင်နေပါတယ်။

ဘာတွေ ခွဲစိတ်သင့်တယ်ဆိုတာကို သူမရဲ့ သူငယ်ချင်းတွေက အကြံပေးတဲ့အတိုင်း လာမယ့် သြဂုတ်မှာပြည့်မယ့် ၅၂ နှစ်မြောက်မွေးနေ့ပွဲအတွက် မွေးနေ့လက်ဆောင်တခုအဖြစ်သူမကိုယ်သူမ ခွဲစိတ်မှုခံယူဖို့ စဉ်းစားနေပါတယ်။
Madonna ဟာ ခွဲစိတ်ပြုပြင်မှုတွေကို အရမ်းကြီးလွန်ကဲသွားမျိုးမဖြစ်ပဲ သဘာဝကျကျလှပဖို့ ကို လိုလားပါတယ်။

 
Leave a comment

Posted by on June 1, 2010 in Uncategorized

 

Tags:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s