RSS

ကမ္ဘာ့အသေးဆုံး မိခင်

30 Jun

Stacey Herald က အသက် ၃၅ နှစ်ရှိပါပြီ ။ ဒါပေမယ့် အရပ်ကတော့ ၂ ပေ ၄ လက်မပဲ ရှိပါသေးတယ် ။ သူရဲ့ သားတောင်မှ အရွယ်အစားက သူ့တစ်ဝက်လောက်ရှိနေပါပြီ ။ အမေရိကန်ပြည်နယ် Kentucky မှ ဆရာဝန်များ က အကယ်၍ သူမဟာ ကိုယ်ဝန်ဆောင်တာနဲ့ တပြိုင်နက် အသက်သေဆုံး နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့် သူမနဲ့ သူမခင်ပွန်းတို့ဟာ ကိုယ်ဝန်ဆောင်ခြင်းကို ဘုရားသခင်ကပေးတဲ့ လက်ဆောင်လို့ မှတ်ယူပြီး ကလေးတွေဆက်လက်မွေးဖွားသွားဖို့ပဲ ဆုံး ဖြတ်ထားကြပါတယ် ။

သူမကပြောပါတယ် ” ကျွန်မတို့ဟာ ကလေးနှစ်ယောက်အပြင်တော့ ပိုမယူတော့ပါဘူး သူတို့လေးတွေကို ကမ္ဘာ့ ကြီးက ပေးတဲ့ လက်ဆောင်လို့ ပဲမှတ်ယူထားပါတယ် ။ သူတို့လေးတွေရဲ့ မျက်နှာကို ကြည့်လိုက်တဲ့ အချိန် တိုင်းမှာ အချစ်တွေနဲ့ ပဲ ပြည့်စုံနေတယ်လို့ ခံစားရပါတယ် ဒါဟာ ကျွန်မဘ၀အတွက် လုံလောက်သွားပါပြီ ” တဲ့ .. ။ တကယ်တော့သူမဟာ Osteogenesis Imperfecta ဆိုတဲ့ရောဂါ တစ်မျိုးခံစား နေရခြင်းပဲဖြစ်ပြီး ဒီရောဂါက အရိုးတွေကို ကျိုးလွယ်စေတယ် မဖွံ့ဖြိုးစေဘူး အဆုတ်ကိုလည်း မသန်စွမ်းစေဘူး ခြုံငုံပြီးပြောရမယ်ဆိုရင် ဖွံ့ဖြိုးမှုအရမ်းကို နှေးကွေးခြင်းပဲ ဖြစ်ပါတယ် ။ ဒီလိုအခြေအနေမျိုးမှာ သူမဟာ ဘီးတပ်ကုလားထိုင်ကို အသုံး ပြုရတယ်လို့ ဆိုပါတယ်။






ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်လည်း မှတ်ချက်တစ်ခု ချမိပါတယ် ။ ” အော်… မိခင်တိုင်း မိခင်တိုင်းဟာ သားသမီးအပေါ်မှာ အချစ်ဆိုတဲ့အရာကို အပေးစွမ်းနိုင်ဆုံး လူသားတွေပဲ ဖြစ်ပြီး သားသမီးအတွက်ဆို ကိုယ့် အသက်ကိုတောင်ပေးဝံ့တဲ့ အာဇာနည်တွေပါလား “

 

Tags:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s