RSS

ထူးဆန်းတဲ့ သယ်ယူပို့ဆောင်ရေး

30 Jun

ပြည့်ကျပ်နေတဲ့ရထားတွဲ

လူတွေလူတွေ… ပြည့်ကျပ်နေလိုက်တာ… ။ အလှူပေးနေသလားမှတ်ရတယ် … ။ အန္တရာယ်ဆိုတာကိုလည်း ဂရုမစိုက်နိုင်တော့ဘူး ထင်ပါရဲ့ ။ အိန္ဒိယ တစ်နိုင်ငံတည်းမှာပဲ ဒီလိုပုံစံမျိုး တွေ့ရှိနိုင်ပါတယ် ။

ဗီယက်နမ်မှ စားသောက်ကုန်လုပ်ငန်း

ဗိယက်နမ်နိုင်ငံမှာတော့ အစားအသောက်တွေပို့တဲ့ လုပ်ငန်းကတော့ အတော်ကြီးကို ကျွမ်းကျင်မှ ရပါမယ် ။ လက်တစ်ဖက်ထဲနဲ့ စက်ဘီးကိုလည်းစီး တစ်ဖက်ကလည်း ပန်းကန် တွေမမှောက်ကျအောင် လုပ်ဆောင်ရတာဟာ အတော်ကိုခက်ခဲလှပါတယ် ။ ဒါပေမယ့် ကျွမ်းကျင်ရာလိမ္မာရာ ဆိုတဲ့အတိုင်း သူတို့ကတော့ အေးဆေးပါပဲ ။

လူ ၈ယောက် ဆိုင်ကယ်တစ်စီး

ဆိုင်ကယ်တွေအတော်ပဲရှားပါးလို့လား စတန့်ထွင်တာပဲလား အတော့်ကို အန္တရာယ်များတဲ့ အလုပ်ကို လုပ်ဆောင်နေပါတယ် ။ လူ ၈ ယောက်တောင် စီးတယ်ဆိုတော့ ဆိုင်ကယ် ဖောင့်တွေ မကျိုးကုန်ဘူးလားမသိ ။

မိသားတစ်စု ဆိုင်ကယ်တစ်စီး

သူတို့ကိုကြည့်ခြင်းအားဖြင့် ဆိုင်ကယ်တစ်စီးရှိယုံနဲ့ တစ်မိသားစုလုံးဘုစုခရု ကအစ တင်သွားလို့ရတဲ့ပုံပါပဲ ။

ထူးဆန်းတဲ့ဆိုင်ကယ်စီးပုံ

အထင်မလွဲပါနဲ့ ။ အနောက်မှာ ခြင်းတွေနဲ့ထိုင်စရာ နေရာမရှိတဲ့အတွက် အရှေ့မှာ ထိုင်နေခြင်းဖြစ်ပါတယ် ။ အင်း ဘရိတ်များ အရှိန်နဲ့အုပ်မိရင်တော့…ဟင်း… ။

မြေကြီးအစားသူတို့ကိုသယ်မယ်

ဒီလိုလည်းဖြစ်တာပါပဲ… ။ ထိုင်စရာနေရာရှာနေစရာမလိုပါဘူး… ။ မြေကြီးသယ်တဲ့ခွက်ထဲ လိုက်သွားယုံပါပဲ ။

တုတ်တုတ်စီးမယ်

မန်မာနိုင်ငံမှာတော့ ပဲခူးဘက်မှာ ဒီလိုမျိုးတွေ့ရနိုင်ပါတယ် ။ တုတ်တုတ်စီးတယ်လို့ခေါ်ပါတယ် ။ ဆိုင်ကယ်ခေါင်းနဲ့ လူစီးတွဲဆက်ထားတာပေါ့ ။ ကဲဒါလည်းမကောင်းပေဘူး လား ။

ဆိုင်ကယ်စီးအုပ်ထုပ်

ဆိုင်ကယ်စီးဦးထုပ်ကတော့ အပျံစားပါပဲ ။ အတော့ကို ဈေးကြီးပေးဝယ်ထားရတဲ့ပုံပဲ ။ သူတို့အရပ်နဲ့ သူတို့ဇာတ်နဲ့တော့ ဟန်ကိုကျလို့.. ။

Star Wars VII – Master Yoda

ဘာလုပ်နေမှန်းတော့မသိပါဘူး ။ ထင်တာတော့ Star Wars VII ရိုက်နေတယ်လို့ထင်တာပဲ ။ ဆုတောင်းပွဲတစ်ခုခုနဲ့တော့ ဆင်တူပါတယ် ။ ဒါပေမယ့် ခေါင်းဆောင်းကြီး ဆောင်းပြီး လက်ကလည်း အနီချောင်းကြီး ကိုင်ထားတယ်ဆိုတော့ ….. ။

ကျောင်းပို့ကျောင်းကြိုယာဉ်

ကဲ ဘယ်လောက်အလုပ်ဖြစ်သလည်း ။ ကားခမကုန်တော့ဘူး ။ တစ်ပြိုင်တည်း ကလေး ငါးယောက်တင်သွားနိုင်တယ် ။

နွားတွေသယ်တယ်တဲ့

အော်..ဒီလိုနည်းနဲ့လည်း နွားတွေကို သယ်ယူပို့ဆောင်ပေးသတဲ့…. ။

ခွေးတွေရောင်းမယ်

ခွေးရောင်းတဲ့ပုံစံကတော့ မိုက်တယ်နော်..။ သူ့ကိုသာ အနောက်ကနေ ကိုက်ထဲ့လိုက်ရင်တော့ ဟင်း…။

ကိုသက်တန့် ချိုဆီကယူလိုက်တာပါ

 

Tags:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s