RSS

ကား ဆရာ ဟာသ

02 Aug

မနက်မိုးလင်းသည်နှင့် ၃၉ကားလိုင်းသည်နှင့် သင်္ကန်းကျွန်းမှတ်တိုင်မှ မော်တင်သို့ ပြေးဆွဲသည်။
သင်္ကန်းကျွန်းကားမှတ်တိုင်တွင် ခရီးသည်တင်ရန် ဘတ်စ်ကားကို ရပ်လိုက်သည်။

စပယ်ရာကိုဘချစ် ။ ။ မြို့ထဲ ရောက်မယ်၊ မြို့ထဲ ရောက်မယ်…

ကားစပယ်ရာ ကိုဘချစ်က ခရီးသည်တွေဆီမှ ကားခကို ကောက်ယူသည်။ ထိုအချိန်တွင် အဘွားအိုတစ်ဦးတက်လာ သဖြင့် စပယ်ရာ ကိုဘချစ်က အဘွားအိုအား ဆွဲကူပေးသည်။
အဘွားအိုထိုင်ရန် နေရာသို့သွားစဉ် ချာတိတ်တစ်ဦးသည် ထိုနေရာသို့
အမြန်ဝင်ထိုင်လိုက်သည်။

စပယ်ရာကိုဘချစ် ။ ။ ဟေ့ ချာတိတ်၊ ဒီမှာ အဘွားထိုင်ဖို့ မင်းတခြားထိုင်ခုံမှာ သွားထိုင်ချည်း…
ချာတိတ် ။ ။ ခုခေတ်က ဦးရာလူစနစ်ပဲဗျ၊ ကျွန်တော်အရင်ရောက်တာ ဒါကျွန်တော်နေရာပဲ၊ မဖယ်ပေးနိုင်ဘူးဗျာ…

အဘွားအိုသည် ချာတိတ်ကောင်လေးကို သေချာ စိုက်ကြည့်ပြီး ပြန်တုံ့ပြန် လိုက်ပုံမှာ။

အဘွားအို ။ ။ ဟဲ့မိုက်ရိုင်းလိုက်တဲ့ ကောင်လေး ငါနေရာဟဲ့၊ ဖယ်စမ်း ဖယ်စမ်း…

အဘွားအိုက ဒေါသတကြီးနဲ့ ချာတိတ်ကလေးကို ထုနှက်ရိုက်ပုတ်ပါလေရော။
ချာတိတ်ကောင်လေးလည်း အဘွားအိုကို ကြောက်လန့်ပြီး ထွက်ပြေးသွားမှ အဘွားအိုက
သူ့နေရာမှာ ၀င်ထိုင်လိုက်သည်။ စပယ်ရာ ကိုဘချစ်က အားသန်လှသော အဘွားအိုကို
အံ့ဘြသော အကြည့်ဖြစ် ကြည့်နေသည်။ အဘွားအိုက စပယ်ရာ ကိုဘချစ်ကို
မော့ကြည့်လိုက်ပြီး။

အဘွားအို ။ ။ ခုခေတ်က ကြီးနိုင်ငယ်ညှင်းခေတ်ကွဲ့…

စပယ်ရာ ကိုဘချစ်လည်း ဘာပြန်ပြောရမှန်း မသိတာနှင့် ခေါင်းညိတ်ပြပြီး
ပြန်ထွက်လာခဲ့သည်။ နောက် တာမွေဘတ်စ်ကားဂိတ် ရောက်တော့ ထပ်ရပ်ပြီး
ခရီးသည်တင်ပြန်သည်။ ခရီးသည်တစ်ဦးသည် Rapper လိုဘောင်းဘီပွပွ၊
အကျီင်္ပွပွနဲ့ ခေါင်းမှာလည်း အစည်းစီးထားသော အထူးအဆန်း ချာတိတ်တစ်ဦး
ဘတ်စ်ကားပေါ်သို့ တက်လာသည်။ ချာတိတ်က ကားခပေးရန် သူ့ဘောင်းဘီ အိတ်ကပ်ထဲမှ
အလွန်စုတ်ပြတ်နေသော ၂၀၀တန် တစ်ရွက်ကို ထုတ်၍ ကားစပယ်ရာ ကိုဘချစ်ကို
ကားခပေးလိုက်ပြီး ချာတိတ်ပြောလိုက်ပုံမှာ။

ချာတိတ် ။ ။ ရော့ ၅၀၀၀တန် ပြန်မအမ်းနဲ့တော့၊ ပိုတာယူလိုက်…

ပြောကာ သူထိုင်မယ့်နေရာသို့ ထွက်သွားသည်။ စပယ်ရာကိုဘချစ်လည်း
ခေါင်းကုတ်လျှက် ကျန်ရစ်ခဲ့သည်။ ချာတိတ်က ထိုင်ခုံပေါ်သို့ မထိုင်မီ
သူမှာပါလာသော လက်ကိုင်ပုဝါကို ဖြန့်ခင်းပြီးမှ အကျော့သား ထိုင်ချလိုက်သည်။
ခဏကြာတော့ ဖုန်းသံတစ်ခုကျယ်လောင်စွာ ထွက်လာသည်။

ဖုန်းမြည်သံ ။ ။ ငါအကြွေး ပြန်ပေး၊ ငါအကြွေး ပြန်ပေး၊ ငါအကြွေး ပြန်ပေး…

ချာတိတ်ကောင်လေးက တစ်ချက်ရယ်လျှက် သူ့ဖုန်းကို ဖွင့်လိုက်ပြီး အသံပြောင်း၍…
ချာတိတ် ။ ။ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ အကြွေးမဆက်နိုင်ပါသဖြင့်၊ စက်ပိတ်ထားပါသည်…

ခဏနေတော့ ချာတိတ်ကောင်လေးဆီမှ နောက်ဖုန်းသံအသစ်တစ်ခု ထွက်ပေါ်လာပြန်သည်။

ဖုန်းမြည်သံ ။ ။ မင်းနှမနဲ့ ငါနဲ့ဌား၊ မင်းနှမနဲ့ ငါနဲ့ဌား၊ မင်းနှမနဲ့ ငါနဲ့ဌား…
ချာတိတ် ။ ။ လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းပိုင်ရှင်မှာ သူညီမ လင်နောက်လိုက်သွားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါခင်မျာ…

ဖြေလိုက်သဖြင့် ဘေးမှ ခရီးသည်တွေက ထိုချာတိတ်လေးကို အံ့အားသင့်ပြီး
ဝိုင်းကြည့်ကြသည်။ ချာတိတ်က သူ့နဲ့ မဆိုင်တဲ့ ပုံနှင့်ပေ။ နောက်
ဖုန်းသံမြည် ထပ်မြည်လာသဖြင့် ချာတိတ်ဘက်သို့ ခရီးသည်များ အားလုံး
လှည့်ကြည့်ကြ ပြန်သည်။

ဖုန်းမြည်သံ ။ ။ နင်အဖေ ငါယောကျာ်း၊ နင်အဖေ ငါယောကျာ်း၊ နင်အဖေ ငါယောကျာ်း…
စပယ်ရာ ကိုဘချစ်တစ်ယောက် သည်းမခံနိုင်တော့ပဲ…

စပယ်ရာကိုဘချစ် ။ ။ ဒီမှာ ချာတိတ် မင်း ဖုန်းကို ပိတ်ထားရင် ကောင်းမယ်ထင်တယ်၊ သူများတွေကို စော်ကားသလိုဖြစ်နေပြီ…
ချာတိတ် ။ ။ ခင်များမှာ ညီမတို့၊ အမေတို့ မရှိလို့လားဗျ…
စပယ်ရာကိုဘချစ် ။ ။ မင်းဘာစကားပြောတာလဲ…
ချာတိတ် ။ ။ ကျွန်ုပ် ဖုန်းလာနေလို့ ခဏနေအုန်း…

ချာတိတ်သည် ဖုန်းကိုင်လိုက်ပြီး တီတီတီတီတီတီ ပြောလိုက်သည်။ ပြီးမှ စပယ်ရာကိုဘချစ်ဘက် သို့လှည့်၍…

ချာတိတ် ။ ။ ဒါက ဒီလိုရှိတယ် ကားစပယ်ရာရဲ့။ ‘ငါအကြွေးပြန်ပေး’ ဖုန်းသံကတော့
ကျွန်တော်ဆီက အကြွေးတောင်းတာ လူတိုင်းသိတာပဲ။ နောက် ‘မင်းနှမ ငါနဲ့ဌား’
ဖုန်းသံကတော့ ကျွန်တော်ရဲ့ ယောက်ဖလောင်းရဲ့ ခေါ်တဲ့ဖုန်း။ နောက်တစ်ခုက
ဘာပါလိမ့်…
စပယ်ရာကိုဘချစ် ။ ။ ‘နင်အဖေ ငါယောကျာ်း’ ဆိုတာလေ…
ချာတိတ် ။ ။ ဘြော် ဟုတ်သားပဲ၊ အဲဒါတော့ ကျွန်ုပ်အမေဆီက ဖုန်းလာတာလေ၊ ပြောကျွန်တော် ဘာများ အမှားပါလို့လဲ…
စပယ်ရာကိုဘချစ် ။ ။ မင်းတို့ လူငယ်တွေက ဘာတွေမှန်းကို မသိပါဘူး၊ ရှုတ်နေတာပဲ…

စပယ်ရာ ကိုဘချစ်တစ်ယောက် စိတ်ညစ်ညစ်နဲ့ သူ့နေရာသို့ ပြန်ထွက်သွားသည်။
ချာတိတ်ကောင်လေးက ဆင်းမယ့် မင်္ဂလာဈေးရှေ့ဂိတ်နားသို့ ရောက်တော့။

စပယ်ရာကိုဘချစ် ။ ။ မင်္ဂလာဈေးမှတ်တိုင်မှာ ဆင်းမယ့်သူရှိလား…
ချာတိတ် ။ ။ ကျွန်တော်ဆင်းမယ်…
စပယ်ရာကိုဘချစ် ။ ။ အေး မြန်မြန်ဆင်းမှပဲ၊ မဟုတ်ရင် နားညီးလို့ သေတော့မယ်…

ထိုသို့ ပြောနေစဉ်ပင် ချာတိတ်ဆီမှ ဖုန်းသံတစ်ခု ထွက်လာပြန်သဖြင့်
စပယ်ရာကိုဘချစ်က မကျေနပ်တဲ့ အကြည့်နှင့် ချာတိတ်အား လှန်းကြည့်လိုက်သည်။

ဖုန်းမြည်သံ ။ ။ နားညီးတယ် ဖုန်းပိတ်ထား၊ နားညီးတယ် ဖုန်းပိတ်ထား၊ နားညီးတယ် ဖုန်းပိတ်ထား…
ချာတိတ် ။ ။ ဒါကတော့ ကျွန်တော် ချစ်သူဆီက ဖုန်းလေ၊ သွားတော့မယ်ဗျို့…

ပြောကာ ဖုန်းပြောလျှက် ဆင်းသွားလေတော့သည်။ ချာတိတ် ဘတ်စ်ကားပေါ်မှ
ဆင်းသွားမှပဲ ကျန်ခရီးသည်တွေမှာ အေးအေးဆေးဆေး လိုက်ပါ
စီးနှင်းနိုင်တော့သည်။ နေ့လည်ပိုင်း ထမင်းစားချိန်ရောက်တော့ ကားဆရာကိုထူး၊
စပယ်ရာ ကိုဘချစ်၊ စပယ်ရာ ကိုထူး တို့အားလုံးစုထိုင်ပြီး
လက်ဖက်ရည်သောက်လေ့ရှိသည်။

ကားဆရာကိုထူး ။ ။ ဒီနေ့ နေက အရမ်းပြင်းလွန်းလို့၊ ကျွန်ုပ်တို့ ကားဆရာတွေ တအား ပင်းပန်းတာကွ။ မင်းတို့
စပယ်ရာတွေကတော့ ကားခကောက်ရုံဆိုတော့ ဘယ်ပင်းပန်းပါ့မလဲ…
စပယ်ရာကိုဘချစ် ။ ။ ဒီလိုတော့ မပြောနဲ့လေ ကိုယ်လူ၊ စပယ်ရာ ဆိုတာ ကားခကောက်ရုံ မကသေးဘူးဗျ၊
ခရီးသည်ရဲ့ တာဝန်အားလုံးကို ယူရတာ။ ခရီးသည်က မကျေနပ်လို့ ဆဲပြန်ရင်လည်း
ခံရသေးတယ်ဗျ…
စပယ်ရာ ကိုဖိုးခေါင် ။ ။ ဘချစ်ပြောတာကိုတော့ ကျွန်ုပ်က အပြည့်အ၀ကို ထောက်ခံတယ်ဗျို့…
ကားဆရာ ကိုထူး ။ ။ ဟုတ်ပါပြီ၊ မင်းတို့က ၂ယောက်ဆိုတော့ ငါပဲအရှူုံးပေးပါတယ်။
စပယ်ရာ ကိုဘချစ် ။ ။ ကျွန်ုပ်ဘတ်စ်ကားထွက်တော့မယ်ဗျ၊ သွားပြီဗျို့…

နေ့လည်ပိုင်း ခဏနားပြီး ၃၉ဘတ်စ်ကားလိုင်း ပြန်လည် ပြေးဆွဲသည်။ တာမွေကားဂိတ် ရောက်လျှင်
အသက် ၁၀နှစ်အရွယ် ကလေးမငယ် တစ်ဦး ဘတ်စ်ကားပေါ်သို့ တက်လာသည်။
၁၀နှစ်အရွယ်နှင့် မလိုက်ဖက်အောင် ဆံပင်ကောက်ထားပြီး မိတ်ကပ်ကို
ထူးပိန်းအောင် လိမ်းထားသည့်အပြင်၊ နှာခမ်းနီတွေကို နီရဲနေအောင်
ဆိုးထားသေးသည်။

ကလေးမ ။ ။ ဒီမှာ စပယ်ရာ၊ လသာကို သွားချင်တာ ရောက်မှာလား၊ မရောက်ဘူးလား…
စပယ်ရာ ကိုဘချစ် ။ ။ အေးရောက်မယ်…
ကလေးမ ။ ။ ရှင်က ကျွန်မကို ကလေးထင်လို့ မထီမဲ့မြင် ဆက်ဆံတာလား။ ရှင်ကို ဒီလို ခရီးသည်ကို ဆက်ဆံရမယ်လို့ ဘယ်သူသင်ထားတာလဲ…
စပယ်ရာ ကိုဘချစ် ။ ။ ဒီမှာ ကလေးမ၊ မင်းကသာ လူကြီးကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေတာကွ…

ကလေးမသည် ခါးကို ထောက်လိုက်ပြီး သူမဆံပင်များကို ဝေ့ယှမ်းလိုက်သည်။

ကလေးမ ။ ။ ရှင်ခြောက်တိုင်း ကြောက်မယ် လို့တော့ မထင်လိုက်နဲ့နော်…
စပယ်ရာ ကိုဘချစ် ။ ။ ငါမင်းကို ဘာများ ခြောက်နေလို့လဲ…
ကလေးမ ။ ။ အစွန်းကုန်ပြောလိုက်မယ်၊ ကျွန်မ ဘယ်သူလည်း ဆိုတာရော ရှင်သိလား၊ ပြောလေ…

ကလေးတန်မယ့် လူကြီး စတိုင်ဖမ်းနေသဖြင့် စပယ်ရာ ကိုဘချစ် တစ်ယောက်စိတ်ညစ်နေသည်။

ကလေးမ ။ ။ ဘာလဲ မပြောနိုင်တော့ဘူး မလား…
စပယ်ရာ ကိုဘချစ် ။ ။ ကလေးမ မင်းဘယ်သူလည်း ဆိုတာ ငါသိလည်း မသိဘူး၊ သိလည်း မသိချင်ဘူး၊ ကိုယ်နေရာ ကိုယ်သွားထိုင်ချည်း…

ကလေးမလေးသည် စပယ်ရာ ကိုဘချစ်ကို ကြည့်ပြီး လက်ညှိုးထိုး၍ အားရပါးရ ဟားတိုက် ရယ်တော့သည်။

ကလေးမ ။ ။ ကျွန်မ အိုင်တင် ပီပြင် တယ်မဟုတ်လား၊ ခု မင်းသမီးပြိုင်ဝင် သွားဝင် မလို့လေ…
စပယ်ရာ ကိုဘချစ် ။ ။ ဘာမင်းက မင်းသမီး ပြိုင်ပွဲဝင်မလို့…
ကလေးမ ။ ။ ဟုတ်တယ်လေ စပယ်ရာရဲ့၊ ကျွန်မကို မဖြစ်နိုင်ဘူး ထင်လို့လား…

ကလေးမက သူမကိုယ် တပတ်ပတ်ပြလိုက်သည်။ စပယ်ရာ ကိုဘချစ်လည်း ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။

စပယ်ရာ ကိုဘချစ် ။ ။ မထင်ပါဘူးကွာ၊ မင်းသမီး အရမ်းကို ဖြစ်နိုင်ပါတယ်၊ ကိုယ်နေရာ ကိုယ်သွားထိုင်စမ်းပါ…

ကလေးမက စာရွက်တစ်ရွက်ထုတ်လိုက်ပြီး။

ကလေးမ ။ ။ ရော့ ကျွန်မအော်တိုထိုးထားတဲ့ စာရွက်၊ နာမည်ကြီး မင်းသမီး ဖြစ်သွားရင်
ဒီအော်တိုက အရမ်းတန်ဖိုးရှိသွားမှာနော်။ သေချာ သိမ်းထားအုန်း…

ပြောကာ ကလေးမက ထိုင်ခုံမှာ သွားထိုင်မှ စပယ်ရာကိုဘချစ် သက်ပြင်းချနိုင်တော့သည်။
ညနေ ကားသိမ်းရန် ၇နာရီလောက်မှာ ၃၉ဘတ်စ်ကားလိုင်းသည် သင်္ကန်းကျွန်းမှ
မော်တင်ဂိတ်သို့ မောင်းနှင်းလာသည်။ ဘတ်စ်ကားဂိတ်များတွင်
ခရီးသည်များဆင်းလိုက်၊ တင်လိုက်ဖြင့် ခရီးဆက်လာသည်။ ၃၉ဘတ်စ်ကား သိမ်ဖြူ
ကားဂိတ်တွင် ထိုးရပ်လိုက်သည်။ စပယ်ရာ ကိုဘချစ်က သူ့တာဝန်အတိုင်း။

စပယ်ရာကိုဘချစ် ။ ။ သိမ်ဖြူ မှတ်တိုင်မှာ ဆင်းမယ့်သူရှိသေးလား…

ဟုကျယ်လောင်စွာမေးလိုက်သည်။ ကားလိုင်းပေါ်တွင် လိုက်ပါစီးနှင်းလာသော
မိန်းခလေး တစ်ယောက်သည် သူ့ကားဂိတ်ရောက်သည်ကို မဆင်းပဲ နေလေသည်။ ကားစပယ်ရာ
ကိုဘချစ်က မိန်းခလေးဆင်းမည့်နေရာကို မေ့နေသည် ထင်၍ သတိသွားပေးသည်။

စပယ်ရာကိုဘချစ် ။ ။ မိန်းခလေး သိမ်ဖြူကားဂိတ်ရောက်ပြီးလေ…
ထိုအခါ မိန်းခလေးက သူ့မနာရီကို ကြည့်လိုက်ပြီး။

မိန်းခလေး ။ ။ ခု ရနာရီဆိုတော့၊ ကျွန်မဆင်းရမယ့် ဂိတ်မဟုတ်သေးဘူး…

စပယ်ရာကိုဘချစ်ကလည်း အူကြောင်ကြောင် ဖြစ်သွားပြီး သူ့နေရာ သူထွက်သွားသည်။
စပယ်ရာကိုဘချစ် ။ ။ ကားဆရာရေ ရပြီ မောင်းတော့ဗျို့…

နောက်တစ်ဂိတ် ရောက်သော်လည်း ထိုမိန်းခလေးမှာ မဆင်းသေးပေ။ မိန်းခလေးသည်
သင်္ကန်းကျွန်းဂိတ်မှ စီးနှင်းလိုက်ပါ လာပြီး သိမ်ဖြူမှတ်တိုင်မှာ ဆင်းမည်ဟု
ပြောထားသေးသည်။ နောက်ဆုံး မော်တင်ဂိတ်ဆုံးတွင် ဘတ်စ်ကားကို စက်ရပ်လိုက်သည်။

စပယ်ရာကိုဘချစ် ။ ။ ဂိတ်ဆုံးပြီး အားလုံးဆင်းကြဟေ့…
သို့သော် ခုနက မိန်းခလေးမှာ မျက်လွှာချပြီး ကားပေါ်မှ မဆင်းပဲ ပေကပ်၍ နေနေသည်။

စပယ်ရာကိုဘချစ် ။ ။ မိန်းခလေး ဘတ်စ်ကား ဂိတ်ဆုံးပြီး ဆင်းတော့လေ…
မိန်းခလေး ။ ။ ကျွန်မသွားချင်တဲ့ နေရာမှ မရောက်သေးတာ…
စပယ်ရာကိုဘချစ် ။ ။ ခင်များနဲ့တော့ ခက်တာပဲ၊ ကျွန်ုပ်တို့က ဂိတ်ဆုံးရင် ကားဆက်သွားလို့မှ
မရတာ။ နေပါအုန်း ခင်များက ဘယ်နေရာသွားမှာမို့လဲ…
မိန်းခလေး ။ ။ ကျွန်မက သိမ်ဖြူကို သွားချင်တာ…
စပယ်ရာကိုဘချစ် ။ ။ ခုနက သိမ်ဖြူမှတ်တိုင် ရောက်တုန်းက ကျွန်ုပ် ခင်များကို
လာသတိပေးတယ်လေ၊ ခင်များပဲ ခင်များဆင်းရမယ့် မှတ်တိုင် မဟုတ်ဘူးဆို…
မိန်းခလေးက သူလက်ပတ်နာရီကို ကြည့်လိုက်ပြီး။

မိန်းခလေး ။ ။ သိမ်ဖြူမှတ်တိုင် ရောက်တုန်းက နာရီက ရနာရီပဲရှိသေးတာကိုး။ ကျွန်မက
၈နာရီမှ ချိန်းထားတာ၊ စောနေတာကိုး ဘာလို့ဆင်းရမှာတုန်း…
စပယ်ရာကိုဘချစ်။ ။ ဒါဆို ခင်များက စောသေးလို့ တမင် မဆင်းတာပေါ့လေ၊ သေတာ သေလိုက်ချင်ပါတယ်ဗျာ…

မိန်းခလေးက ဘာမှပြန်မပြောပဲ အူကြောင်ကြောင်လုပ်နေသည်။ ထိုအချိန်တွင် ကားဆရာ ကိုချစ်စမ်းမောင် ရောက်လာသည်။

ကိုချစ်စမ်းမောင် ။ ။ ဘချစ် ဘာဖြစ်နေတာလဲ…
စပယ်ရာကိုဘချစ် ။ ။ ဒီမိန်းခလေးက သိမ်ဖြူ ကားမှတ်တိုင်မှာ ဆင်းရမှာ၊ ဒီအထိ မှားပါလာလို့ဗျ…
ကိုချစ်စမ်းမောင် ။ ။ မင်းကလည်း သိမ်ဖြူ မှတ်တိုင် ရောက်တုန်းက ခရီးသည်က မေ့နေရင် သွားသတိပေးရမှာပေါ့…
မိန်းခလေး ။ ။ ကျွန်မအမှားပါရှင်၊ သိမ်ဖြူ မှတ်တိုင်ရောက်တုန်းက ကျွန်မ မဆင်းချင်သေးတာမို့ မဆင်းမိလိုက်တာပါ…
ကိုချစ်စမ်းမောင် ။ ။ ဒါဆို ခုတော့ တက္ကစီနဲ့ပဲ ပြန်ပေါ့ဗျာ၊ ကျွန်ုပ်တို့ကလည်း ကားသိမ်းရအုန်းမှာ…
မိန်းခလေး ။ ။ ဟုတ်ကဲ့ပါ…

ပြောကာ မိန်းခလေးက မျက်နှာ ညှိုးနွမ်းစွာဖြင့် ကားပေါ်မှ ဆင်းသွားပြီး
တစ်ယောက်ထဲ လမ်းလျှောက်ထွက်သွားသည်။ စပယ်ရာ ကိုဘချစ်က အတွက်တော့
ဒီမိန်းခလေးမှာ တော်တော်ထူးဆန်းဖို့ ကောင်းသည်ဟု တွေးရင်းကျန်ခဲ့လေတော့သည်။

 
Leave a comment

Posted by on August 2, 2010 in ဟာသ

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s