RSS

* POEM

ပျော်ရွှင်ပါစေ..(သို့) ..

ကောင်မလေးရေ……
မင်းနဲ့ဝေးရာ ရွက်လွှင့်ခဲ့ပေမယ့်
ရင်နဲ့ရင်းခဲ့ရတော့ တမြေ့မြေ့နဲ့နာကျင်ခံခက်
မနေ့တစ်နေ့ကလိုပဲ
အတိတ်တွေကမျက်ဝန်းမှာပုံရိပ်ထင်နေတုန်းပဲ ။
မင်းရှိတဲ့ ငါ့မွေး၇ပ်မြေကိုပြန်လာချင်ပေမယ့်
အရင်လိုပြန်မလာနိုင်ပြီပဲ
ပိုင်းခြားလိုက်တဲ့စည်းမျဉ်းတွေကများလိုက်တာ
ပြောင်းလည်းတဲ့သဘောနဲ့
မွေးရပ်ကိုစွန့် ဝေးရပ်မှာနေပေမယ့်လည်း
မင်းတစ်ယောက်ကိုတော့ တမ်းတမ်းတတနဲ့
အလွမ်းညတွေမှာ ကဗျာတွေရေးရင်း
အတင်းအဖျင်းမဟုတ်တဲ့ မင်းသတင်းကိုနားစွင့်
ငါ့………. ရင်နင့်စေခဲ့တယ်။
မင်းတယောက်ကငါမဟုတ်တဲ့တစ်ခြားရင်ခွင်မှာ
အပျော်တွေနဲ့စီးဆင်း
ငါ့.. ငိုချင်းတွေဟာ….မင်းတို့အတွက်တော့
ဇာတ်ဝင်တေးတစ်ပုဒ်ပေါ့ကွာ။

တစ်ယောက်ဆိုတစ်ယောက်”

အချစ်တဲ့ လား……
နှလုံးသားမှာဖြစ်တည်
အနားမညီတဲ့ ဘ၀နှစ်ခု
အစပြုခဲ့ တာမကြာသေး
နွေးထွေးလို့ ရင်ခုန်
(မင်း)လုံခြုံဘို့ တာဝန်ယူချင်သူပါ..။

မရိုးမသားမရှိ
အသဲကြားငြိတဲ့သမုဒယ
အယုအယတွေပိုက်ထွေး
ဆိုက်ငေးတဲ့ (မင်း)မျက်နှာ
စမ်းရေပမာအေးမြ
ပန်းရနံ့ ကွယ်သင်းထ
လမင်းလိုဝင်းပစွာရှိနေလိုက်တာကွာ..။

ဘ၀မှာတစ်ခါချစ်ဖူး
နမ်းဖူးတာလဲခုမှစ
လွမ်းဖူးတာလဲမင်းနဲ့ မှ
သင်းလှတဲ့ မင်းရနံ့ 
ဆွတ်ပျံ့ လို့ စွဲလန်း
မခွဲစတမ်းလဲချစ်မယ်ကွယ်..။

သေအတူရှင်မခွဲ
ရင်ထဲစကား…
အစဉ်အမြဲ…မင်း…ကြားဘို့ 
လျှာဖျားနဲ့ မဆို
မေတ္တာတရားအဆုံးအဖြတ်နဲ့ 
ကိုယ်….သုံးသပ်ခဲ့ တာပါ..ချစ်သူ..။

သ၀န်လဲမတိုနဲ့ 
အစဉ်လဲမငိုနဲ့ 
ကိုယ်ဖွဲ့ ခဲ့ ကဗျာ
ပန်းပမာနုရွ
အခုဘ၀သက်သေ
အိပ်မက်တွေရဲ့ လမ်းစဘဲလေ…။

အရမ်းချစ်တာ……..
အခါများစွာမပြောချင်
စိတ်အစဉ်တမ်းတ
အနားမှမခွာ
မင်း…မျက်နှာ..ကဗျာလိုဖတ်
ကျေနပ်အောင်နေ
ကြွေလောက်အောင်ပြောလိုက်မယ်…
တစ်ယောက်ဆိုတစ်ယောက်…ဘဲ
ချစ်တယ်…လို့ လေ..။ ။

Forward Mial

မင်းသိသင့်ပါတယ်’

အထင်မလွဲပါနဲ့…
ရင်ထဲခဏ မြင်ကြည့်လိုက်ပါ…..။
စာနာတတ်မယ်ဆိုရင်
ခံစားဘူးတဲ့ မင်း
နားလည်နိုင်မှာပါ. ။

အတု အရောင်တွေ အတွက်
မလိုအပ်ပေမယ့်လည်း……..
စစ်မှန်တဲ့ အချစ်မှာတော့
သ၀န်တိုခြင်းဆိုတာ
မရှိမဖြစ်တဲ့ သင်္ကေတတခုပါ…။

နှလုံးသားရဲ့ စေညွှန်းရာ
ဖြူစင်စွာချစ်လာခဲ့သူမို့
အချစ်ဦးမဖြစ်လဲနေပါ
အလွမ်းတွေ မဝေချင်တာကြောင့်
နောက်ဆုံးအချစ်နဲင့်္
အချစ်ဆုံးသူတော့
ဖြစ်ခွင့်ပေးပါ…ချစ်သူ…..။

မဟာသမုဒ္ဒရာအမုန်း’

မောင်…..မြတ်နိုးခြင်းတွေ..
မြစ်ငယ်တစ်ခုရဲ့ ..လက်တက်တစ်ခုအဖြစ်နဲ့…….
မောင်….ပေးဆပ်ခြင်းတွေ…
မြစ်ငယ်တစ်ခုရဲ့…လက်တက်တစ်ခု
အဖြစ်နဲ့
……

မောင်….ယုယခြင်းတွေ….
မြစ်ငယ်တစ်ခုရဲ့…လက်တက်တစ်ခုအဖြစ်နဲ့
မောင့်ရဲ့ ..ရင်ခွင်မြစ်တွင်း..စီးဆင်းလို့သွား
ပျော်ရွှင်စရာ..ကာလများ…..

မောင်…ပူဆွေးခြင်းကျွန်းစု
ငိုကြွေးခြင်းကမ်းခြေ
အလွမ်းတွေရဲ့…ဒီရေလှိုင်း
ရိုက်ပုတ်ခဲ့..ခပ်ရိုင်းရိုင်း…..

မောင်..ကြေကွဲနာကျင်စွာနဲ့
ရက်စက်ခြင်းပင်လယ်မှာ
ပျောက်ဆုံးခဲ့..ချစ်ခြင်းတရား
ဆုံးရှုံးခြင်း
စွန့်လွတ်ခြင်း
နာကျည်းခြင်းတွေနဲ့
မဟာသမုဒ္ဒရာအဖြစ်…မုန်းခြင်းကျန်ရစ်…….။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s