RSS

Author Archives: chitmusic

About chitmusic

I'm 25 yrs..welcome to me..

Kaspersky Rescue Disk 10

ဗိုင်းရပ်စ်တွေကို ရှင်းလင်းဖို့ ဆောင်ထားရမယ့် စီဒီလေးတစ်ချပ် ဖြစ်သွားပါပြီ။

ဗိုင်းရပ်စ်အကြီးအကျယ် ထိပြီဆိုရင် Kaspersky ကို တင်လို့လည်း ရမှာမဟုတ်ဘူးလေ။

ပြီးတော့ ဗိုင်းရပ်စ်ကြောင့် Window မတက်နိုင်တဲ့ အခြေအနေမျိုး တွေမှာလည်း ဒီဟာလေးက အသုံးဝင်ပါလိမ့်မယ်။

အခု ဒီ Kaspersky Rescue Disk က ခွေကနေ Boot လုပ်ပြီး သုံးရုံပါပဲ။ Boot လုပ်ပြီးသွားတဲ့အချိန်မှာ ISO Linux နဲ့အတူ Kaspersky Antivirus ပွင့်လာမှာဖြစ်ပြီး ကိုယ့် Hard Disk ထဲက ဗိုင်းရပ်စ်တွေကို ရှင်းလင်းနိုင်ပါလိမ့်မယ်။

Read the rest of this entry »

 
Leave a comment

Posted by on May 18, 2011 in AntiVirus

 

၂၀၁၁ အတွက် အခမဲ့ အသုံးပြုနိုင်မည့် ထိပ်တန်း Antivirus ငါးမျိုး

၂၀၁၁ အတွက် အခမဲ့အသုံးပြုနိုင်မယ့် ထိပ်တန်း Antivirus ငါးမျိုးကို ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။ ၎င်း Antivirus ငါးမျိုးအနက် Avast Free Antivirus 5 ကတော့ ရင်းနှီးကျွမ်းဝင်လွယ်တဲ့ Interface နဲ့အတူ ကာကွယ်မှုစနစ်တွေ အထူးကောင်းမွန်တာ ကြောင့် ထိပ်ဆုံးမှာ ရပ်တည် လျက်ရှိပါတယ်။ Malware detection နဲ့ removal စနစ်ကောင်းမွန်တဲ့ Avira AntiVir Personal Free Antivirus 10 ကတော့ ဒုတိယအဆင့် မှာ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Avast Free Antivirus 5

အားသာချက် – User Interface ဖွဲ့စည်းထားပုံက ကောင်းမွန်ပြည့်စုံသလို Scan Speed လည်း အလွန်လျှင်မြန်တာကို တွေ့ရပါတယ်။

အားနည်းချက် – တစ်ချို့သော Detection တွေကိုတော့ သာမန်မျှသာ လုပ်ဆောင်နိုင် တာကို တွေ့ရပါတယ်။

Read the rest of this entry »

 
Leave a comment

Posted by on May 18, 2011 in AntiVirus

 

International Free Call with Tuitalk

Home Page: http://tuitalk.com/

http://tuitalk.com/provisioning/end-user/zhtml/countries.zhtml (for free call details)

With Tuitalk, you can make free calls every day: Up to 3 free calls a day!

Make calls to: Any* of the following countries.

Make calls from: Anywhere in the world as long as you have an Internet connection and a PC or a Mobile Phone.

ဆောဖ့်ဝဲကို ဒီ ( http://www.mediafire.com/?c2gxysd4f5yx8is ) မှာဒေါင်းပါ……. ဒါပေမယ့် Gtalk တို့လို သူဆီမှာ အကောင့်ဖွင့်ဖို့တော့ လိုအပ်ပါတယ်။ ဆောဖ့်ဝဲကိုဒေါင်း အင်စတောလ် လုပ် ပြီးသွားရင် ကိုယ့် username, password နဲ့ဝင်……. ၀င်ပြီးသွားရင်တော့ သူ အလကား ပြောဖို့ ခွင့်ပြုထားတဲ့ နိုင်ငံကို သူသတ်မှတ်ထားတဲ့ အချိန်အတိုင်းစကားပြော….. များများပြောချင်ရင် အကောင့်များများလုပ်………. (မှတ်ချက်။ ။ ကျွန်တော်ကိုယ်တိုင်သုံးနေပါတယ်။ အစစ အရာရာ အဆင်ပြေပါတယ်။ ဖုန်းစခေါ်တာနဲ့ ကြော်ငြာဗီဒီယို ဖိုင်တခု လာပါမယ်.. အဲဒီကြော်ငြာ ပြီးတာနဲ့ သူက ကိုယ်ခေါ်လိုက်တဲ့ ဖုန်းကို ချိတ်ပေးပါလိမ့်မယ်……)
အားလုံးပဲ အဆင်ပြေကြပါစေ…….

foreverfriend မှယူသည်

 
Leave a comment

Posted by on May 18, 2011 in free call

 

ဝင်းဒိုးXPမြင်ကွင်းကို ၀င်းဒိုး7 မြင်ကွင်းပြောင်းလဲသောဆောစ့်ဝဲလ်

ဝင်းဒိုးXPမြင်ကွင်းကို ၀င်းဒိုး7 မြင်ကွင်းပြောင်းလဲသောဆောစ့်ဝဲလ်(၀င်းဒိုး Xp အတွက်သာ)

သူငယ်ချင်းတို့ကို မိတ်ဆက်ပေးချင်တဲ့ ဆောစ့်ဝဲလ်လေးကတော့..

ဝင်းဒိုးXpကို ၀င်းဒိုး7မြင်ကွင်းပြောင်းတဲ့ ဆောစ့်ဝဲလ်လေးပါ
သူငယ်ချင်းတို့ နှစ်သက်မယ်ထင်ပါတယ် (၀င်းဒိုးXpသုံးတဲ့သူတွေ)
ကျွန်တော်စက်မှာရိုက်ထားတဲ့ပုံတွေပါ……….လေ့လာကြည့်ကြည့်ပါ…..

Read the rest of this entry »

 
Leave a comment

Posted by on May 18, 2011 in ဆော့ဖ်ဝဲ

 

ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁၀ ) မျိုး

( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ်

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တို့ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။

Read the rest of this entry »

 

AIDS ရောဂါကို ပျောက်အောင် ကုသနိုင်သလို ကာကွယ်ဆေး အဖြစ်ပါ သုံးနိုင်မည့် ဆေးသစ်တစ်မျိုး

AIDS ရောဂါကို ပျောက်အောင် ကုသနိုင်သလို ကာကွယ်ဆေး အဖြစ်ပါ သုံးနိုင်မည့် ဆေးသစ်တစ်မျိုး စမ်းသပ်အောင်မြင်

ဟေးစ်ဘိုရို ၊ မေ ၁၂

စမ်းသပ်ဆဲ ဆေးတစ်မျိုးသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ရှိသော မျောက်များကို ရောဂါမှ နိုင်နင်းစွာ ထိန်းချုပ်နိုင်ရန် ကူညီနိုင်ကြောင်း၊ ထိုမှတစ်ဆင့် လူသားများအတွက် HIV ပိုး ကာကွယ်ဆေးနှင့် ကုသဆေးအထိ ဖော်စပ်နိုင်ရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် ဆေးပညာရှင်များက Daily Mail သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ မေလ ၁၂ ရက်နေ့က ကြေညာခဲ့သည်။

ရေယုန်ရောဂါ အပါအ၀င် ရောဂါအချို့ ဖြစ်ပွားစေသော Herpes ဗိုင်းရပ်စ်မျိုးနွယ်စုဝင် Cytomegalovirus ခေါ် CMV ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇ ပါဝင်သော အဆိုပါ ဆေးဝါးသည် မျောက်များ၏ ကိုယ်ထဲသို့ HIV ဗိုင်းရပ်စ် ပထမဆုံး အကြိမ် ကူးစက်ဝင်ရောက် လာပါက လျင်မြန်စွာ တိုက်ထုတ် ချေမှုန်းနိုင်ရေး ပြင်ဆင်ထားရန် ခုခံအားစနစ်အား အချက်ပေးနိုင်စွမ်း ရှိကြောင်း တွေ့ရသည်။ အဆိုပါ ကာကွယ်ဆေးကို လူသားများ၌ စမ်းသပ် အသုံးပြုနိုင်ရန် သုံးနှစ်အတွင်း အဆင်သင့်ဖြစ်မည်ဟု သူထင်ကြောင်း ဤလေ့လာမှုကို ဦးဆောင်ခဲ့သူ အိုရေဂွန်ပြည်နယ် အမျိုးသား ဥာဏ်ရည်မြင့် နို့တိုက်သတ္တ၀ါများ သုတေသနစင်တာ (Oregon National Primate Research Centre)မှ ဒေါက်တာ လူးဝစ်ပစ်ကာက ပြောကြားသည်။

Read the rest of this entry »

 

မျက်တောင်ခတ်ခြင်းနှင့် မျက်စိကျန်းမာရေး

သင့်မျက်စိကျန်းမာရေးနဲ့ အမြင်အာရုံကို ထိန်းသိမ်းစောင့်ရှောက်ချင်ရင် မကြာခဏ ညင်ညင်သာသာ မျက်တောင်ခတ်တဲ့ အလေ့အထရှိဖို့ လိုအပ်ပါတယ်။ သင်ဟာ မကြာခဏ မျက်တောင်ခတ်မှသာ သင့်မျက်ခွံက မျက်စိကို မျက်ရည်အလွှာ သုံးလွှာနဲ့ မှန်မှန်ဖုံးအုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်မျက်စိကျန်းမာရေးအတွက် မျက်ရည်အလွှာသုံးလွှာကို မရှိမဖြစ် လိုအပ်ပါတယ်။

၁။ မျက်ရည်ပထမဆုံးအလွှာက မျက်စိရဲ့အဖြူသားနဲ့ကပ်ပြီး တည်ရှိနေပါတယ်။ ဒီအလွှာက မျက်ရည်ဒုတိယအလွှာ စွဲကပ်နိုင်ဖို့အတွက် ပရိုတင်းကြွယ်ဝတဲ့ ရေငွေ့တွေရဲ့ ညီညာတဲ့အလွှာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

Read the rest of this entry »

 

အကောင်းမြင်ဝါဒ

heart ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့
ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။

Read the rest of this entry »

 
 

ကွန်ပျူတာ Desktop ခြောက်ဖက် မြင်နိုင်တဲ့ဆောစ့်ဝဲလ်လေး

ကွန်ပျူတာ Desktop ခြောက်ဖက်မြင်နိုင်တဲ့ဆောစ့်ဝဲလ်လေးပါ..

အခုပုံကိုကြည့်ကြည့်ပါကျွန်တော်စက်မှာရိုက်ထားတဲ့ဓာတ်ပုံလေးပါ

Read the rest of this entry »

 
Leave a comment

Posted by on May 7, 2011 in ဆော့ဖ်ဝဲ

 

ဗုဒ္ဓဘာသာဝင်တွေကတော့ သေပြီးရင်နောက်ဘ၀ ရှိသေးတယ်ဆိုတာကို ယုံကြည်

ဗုဒ္ဓဘာသာဝင်တွေကတော့ သေပြီးရင်နောက်ဘ၀ ရှိသေးတယ်ဆိုတာကို ယုံကြည်တယ်၊ ပြီးတော့ကိုယ်ပြုတဲ့ ကံအားလျော်စွာ ဘ၀အမျိုးမျိုးကို ရောက်နိုင်တယ်ဆိုတာကိုပါ လက်ခံကြတယ်။
မနေ့ကဘဲ အွန်လိုင်းကနေ စကားတခွန်း နားထောင်လိုက်ရပါတယ် စင်္ကာပူမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေးပါ၊ မိမိနဲ့ရင်းနှီးတဲ့ အမတစ်ယောက်က အဲဒီ ကုမ္ပဏီမှာ အလုပ်လုပ်နေတာပါ၊
သူမပြောပြတာက ” ဦးဇင်းရေ CCTV ကင်မရာတွေမှာ လူအရိပ်လိုလို အရာတွေပေါ်နေတယ်တဲ့၊ ကင်မရာမှာ တခုခုများ ကပ်နေမလားဆိုပြီး သွားကြည့်တော့ ဘာမှမရှိပါဘူးတဲ့၊

Read the rest of this entry »

 
Leave a comment

Posted by on February 7, 2011 in ဘာသာရေး

 

ကမ္ဘာ့အကောင်းဆုံး Game Download Websites များ

ယနေ့ခေတ် IT ကမ္ဘာက လူငယ်များအတွက်ကတော့ Game ဆိုတာဟာ ပြောစရာမလိုလောက်အောင် ရင်းနှီးကျွမ်းဝင်နေတဲ့ အသည်းစွဲပါ။ X Box, Wii Game, Sony, Apple i-pod, Apple i-pad စတဲ့ Digital Device မျိုးစုံနဲ့။ Gamming Adventure တွေကြားမှာ မွေးဖွားလာကြတဲ့ Digital Generation လူငယ်များအတွက် ဒီတစ်လ Inernet Travelling ကဏ္ဍမှာ Internet ပေါ်က ကမ္ဘာ့အကောင်းဆုံး Free Game Download Website များကို တင်ပြပေးလိုက်ပါတယ်။ စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Read the rest of this entry »

 
1 Comment

Posted by on February 7, 2011 in Website အညွန်း

 

ကျိုက်ထီးရိုးဘုရားသမိုင်း

စေတီတော် တည်ထားပုံ

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တီရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။

Read the rest of this entry »

 
Leave a comment

Posted by on February 7, 2011 in သမိုင်းဝင်

 

တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး Hair Bands များ အကြောင်း

ဈေးကွက်တွေမှာ ဈေးပေါပေါနဲ့  ရောင်းချနေတဲ့ တရုတ်နိုင်ငံထုတ် စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။

ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူ အဆင်ပြေတယ် ဆိုတာလောက်ကို ကြည့်ပြီး ဘေးအန္တရယ် ကျရောက်နိုင်တာ၊ သုံးစွဲရ သင့်တော် မသင့်တော် ကိုပါ ထည့်တွက် စဉ်းစားပြီးမှ ၀ယ်ယူသုံးစွဲ သင့်ပါတယ်။ ဘေးဒုက္ခ ရောက်မှသာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရတာတွေ မဖြစ်စေချင်ပါ။

Read the rest of this entry »

 
Leave a comment

Posted by on February 7, 2011 in ဆောင်းပါး